What is Android ?
Dancing green robot androidDancing green robot android Dancing green robot android Dancing green robot android
Dancing green robot androidDancing green robot android Dancing green robot androidDancing green robot android
Android OS ဆိုတာဘာလဲ (What is Android ?)
ယခု တင်ပြထားသော Android ဆိုင်ရာ ဖော်ပြချက်များ သည် blackhackerprinces.blogspot.com မှာ့ ရေးသားချင်း မဟုတ်ပါ ၊  စာဖတ်သူ ဗဟုသုတ ရစေရန် အတွက်သာ  ကူးယူ ဖော်ပြထားခြင်း ဖြစ်ကြောင်း
အခုမှ ဖုန်းအကြောင်းကိုလေ့လာတဲ့သူတွေ ၊ အခုမှဖုန်းစကိုင်သူတွေအနေနဲ့ Android ဆိုတာဘာလဲလို့သိချင်ကြမှာပါ။
ဒီတော့ Android ဆိုတာဘာလဲ နဲ့ Android ရဲ့အကြောင်းကို နားလည်လွယ်ဆုံးဖြစ်အောင် ရှင်းပြပါ့မယ်။
(အများ နားလည်လွယ်အောင်ရှင်းလင်းထားခြင်းဖြစ်သောကြောင့် အမှားအယွင်းများ ၊ ကျန်ခဲ့သည်များရှိပါက ခွင့်လွှတ်ပေးကြပါ)
Android ရဲ့အစပိုင်း
==================
Android အကြောင်းကိုရှင်းပြဖို့အတွက်ဆိုရင် Apple ရဲ့ iPhone အကြောင်းကိုပါထည့်သွင်းပြောရပါလိမ့်မယ်။ 2007 ခုနှစ်နောက်ပိုင်းကစပြီး
Apple ရဲ့ iPhone ဟာ ကမ္ဘာမှာ ထိပ်တန်း နာမည်ကြီးဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။ iPhone ရဲ့ ဖုန်းတွင်းစနစ်အနေနဲ့ Apple ကုမ္ပဏီရဲ့
ကိုယ်ပိုင် Mobile Device တွေအတွက် Operating System ဖြစ်တဲ့ iOS ကိုအသုံးပြုထားပါတယ်။ ခြုံငုံပြောရရင်တော့အဲဒီကတည်းက
Internet ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Google ဟာ iOS ကိုယှဉ်ပြိုင်နိုင်မယ့် Operating System တစ်ခုကို ထုတ်လုပ်ဖို့ကြိုးစားပါတော့တယ်။
2007 ခုနှစ်မှာ Google ဟာ Android Operating System ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
Android OS ဟာ Linus Kernel ကိုအခြေခံထားပြီး Java platform ဖြင့်ရေးသားထားခြင်းဖြစ်ပါတယ်။ Android OS တွေရဲ့ သမိုင်းမှာ
HTC ဖုန်းတွေဟာလည်း မပါမဖြစ်ပါပဲ။ Android OS ကိုစတင်ထည့်သွင်းအသုံးပြုခဲ့တဲ့တဲ့ Android OS နဲ့စတင်ပူးပေါင်းခဲ့တဲ့ မိုဘိုင်းဖုန်းကုမ္ပဏီဟာ
HTC ကုမ္ပဏီဖြစ်လို့ပါပဲ။ ပထမဆုံး Android ဖုန်းက G1 ပါ ။ HTC dream လို့လဲခေါ်ပါတယ်။အိုင်ဖုန်း 2G ထွက်ပြီးတနှစ်ကျော်အကြာ ၂၀၀၈ ကုန်ခါးနီးလောက်မှာ realease လုပ်ပါတယ်။ ဒါကြောင့်လဲ HTC ဟာ Android OS ကိုအသုံးပြုထားတဲ့ဖုန်းတွေနဲ့ နာမည်ရလာခဲ့ခြင်းလည်းဖြစ်ပါတယ်။ အခြားသော Mobile ဖုန်းကုမ္ပဏီကြီးများနဲ့ပူးပေါင်းဆောင်ရွက်ခြင်း
=======================================
2007 ခုနှစ်ထဲမှာတော့ Intel, LG, Marvell Technology Group, Motorola, Nvidia, Qualcomm, Samsung Electronics, Sprint Nextel, T-Mobile စတဲ့
နည်းပညာကုမ္ပဏီကြီးတွေဟာ Android Operating System နဲ့ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ , Atheros Communications,
Asustek Computer Inc, Garmin Ltd, Huawei Technologies, PacketVideo, Softbank, Sony Ericsson, Toshiba Corporation နဲ့Vodafone
စတဲ့ မိုဘိုင်းနည်းပညာကုမ္ပဏီကြီးတွေကလည်း Android OS နဲ့ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ Android Market ကိုစတင်တည်ထောင်ခြင်း
==========================
၂၀၀၈ ခုနှစ်မှာတော့ Google ကုမ္ပဏီဟာ Apple ရဲ့iPhone တွေအတွက်တည်ထောင်ထားတဲ့ Mobile Application တွေရယူနိုင်တဲ့ iTunes စတိုးလိုမျိုး
Online Android Market ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။Android Market မှာတင်ထားတဲ့ Application တွေရဲ့ 57 ရာခိုင်နှုန်းခန့်ဟာ free ရယူနိုင်တဲ့ application တွေဖြစ်ပါတယ်။
၎နှစ်အတွင်းမှာ Google ကုမ္ပဏီဟာ Android OS ကို version အဆင့်မြှင့်ပြီး မွမ်းမံထုတ်လုပ်မှုများပြုလုပ်ခဲ့ပါတယ် ။ Android OS ဟာ free ပေးထားတဲ့ OS တစ်ခုဖြစ်ပြီး
Open Source ဖြစ်တာကြောင့် Android Developer မည်သူမဆို Android OS ကို ပြင်ဆင်ရေးခွင့်ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီက မူရင်းထုတ်ဝေထားတဲ့
Android OS version တွေကို အပြင်က Android Developer တွေက ပိုမိုကောင်းမွန်အောင်ပြန်လည်ပြင်ဆင်ပြီး ပြန်လည်ထုတ်လုပ်ထားတဲ့
Android Custom OS(Custom ROM) တွေဟာလည်း အများအပြားထွက်ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နှစ်စပိုင်းလောက်ကစပြီး Android OS ဟာ
တစ်ရှိန်ထိုးအောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်ထိ ၂နှစ်ခွဲအတွင်း Android Market မှာ Android Developer တွေဖန်တီးရေးသားထားတဲ့ Android OS application
ပေါင်း သုံးသိန်းနှင့်အထက်ရှိလာခဲ့ပါတယ်။ ဒါဟာ Apple ရဲ့ iTune စတိုးမှာ Apple Developer တွေ ၄ နှစ်စာတင်ထားတဲ့ Application တွေရဲ့ အရေအတွက်ရဲ့
နှစ်ဆ ရှိပါတယ်။ တဖြည်းတဖြည်းပိုမိုအောင်မြင်လာတဲ့ Android OS များ
================================
အခုနောက်ပိုင်းမှာ Android စနစ်ကို ထည့်သွင်းအသုံးပြုထားတဲ့ Mobile ဖုန်းအနေနဲ့ဆိုရင် တရုတ်နိုင်ငံထုတ် တန်ဖိုးနည်းဖုန်းတွေမှာတောင်
Android OS ကိုထည့်သွင်းအသုံးပြုထားလို့ Android OS ဖုန်းများဟာ လူကြိုက်များလာခဲ့ပါတယ်။ ဒီနေရာမှာ Apple ရဲ့အကြောင်းကိုနည်းနည်းပြန်ပြောရပါဦးမယ်။
2010 ခုနှစ်မှာ Apple ကုမ္ပဏီဟာ iPad ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ iPad မှာအသုံးပြုထားတဲ့ OS ကလည်း iPhone တွေလိုပဲ iOS ကိုအသုံးပြုထားပါတယ်။
ဒါပေမယ့် iPad တွေအတွက် iOS ကTablet version ပေါ့ဗျာ။ အဲဒီနောက်ပိုင်း ၂၀၁၁ ဖေဖော်ဝါရီလမှာ Google ဟာ Android OS ကို ဖုန်းတွေအတွက်သာမက
Tablet တွေမှာအသုံးပြုနိုင်မယ့် Android OS ကိုအသုံးပြုနိင်မယ့် HoneyComb လို့အမည်ရတဲ့ Tablet တွေအတွက် Android version ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။
version အနေနဲ့ပြောရင် 3.0 ကနေစတင်ခဲ့ပါတယ်။ အခုလက်ရှိအချိန်အထိ Android Tablet version မှာ HoneyComb Version 3.2 အထိထွက်ရှိနေပါပြီ။
ဖုန်းတွေအတွက် Android OS အနေနဲ့ version 4.0 အထိထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ Android OS ကဘာတွေပိုကောင်းလဲ ?
======================
Android OS ကဘာတွေပိုကောင်းလဲလို့မေးရင် Mobile Device တွေအတွက် သုံးလို့အကောင်းဆုံး OS တစ်ခုလို့ပြောရရင် မှားမယ်မထင်ပါဘူး။
Android OS ကအထောက်အပံ့ပေးနိုင်တဲ့ကွန်ရက်တွေအနေနဲ့ GSM/EDGE, IDEN, CDMA, EV-DO, UMTS, Bluetooth, Wi-Fi, LTE, NFC နဲ့ WiMAX
ကွန်ရက်တွေကို အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ Android OS ကို GSM ဖုန်းတွေသာမက CDMA ဖုန်းတွေမှာပါအသုံးပြုနိုင်ပါတယ်။
အင်တာနက်အသုံးပြုမှုအတွက်လည်း GSM ရဲ့ EDGE ကွန်ရက်ရော CDMA ရဲ့ EVDO ကွန်ရက်ကိုရော Android OS နဲ့အသုံးပြုနိုင်ပါတယ်။
ဖုန်းရဲ့ Graphic ပိုင်းအတွက်လည်း 3D စနစ်ကိုပါအထောက်အပံပေးနိုင်အောင် မွမ်းမံထုတ်လုပ်ထားပါတယ်။ Android OS ကိုအသုံးပြုထားတဲ့
ဖုန်းHardware အမျိုးအစားကိုလိုက်ပြီး Multi Touch စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။
အခုနောက်ထွက်တဲ့ Android version 2.2 နှင့်အထက်ကစပြီး Google ရဲ့ Service တွေကို Voice Command ကိုအသုံးပြုပြီးရှာဖွေနိုင်အောင်ပြုလုပ်ထားပါတယ်။ Mobile ဖုန်းများအတွက်ထွက်ရှိပြီးသော Android OS version များ
========================================
အပေါ်မှာ Android OS version တွေအကြောင်းပြောခဲ့တော့ Android OS version ဘယ်နှစ်ခုထွက်ခဲ့ပြီးပြီလဲ ၊ OS version တွေရဲ့အမည်တွေကဘာတွေလဲဆိုတာ
ကိုလဲသိချင်ကြမှာပေါ့။ အောက်မှာ Android OSကိုအထောက်အပံပေးနိုင်တဲ့ ဖုန်းနဲ့ Tabletတွေအတွက်ထွက်ရှိခဲ့တဲ့Android OS version တွေကိုဖော်ပြလိုက်ပါတယ်။ Android version Operating System Name
=========== =================
1.5 Cupcake
1.6 Donut
2.1 Eclair
2.2 Froyo
2.3.x Gingerbread
3.x.x Honeycomb (For Android Tablet)
4.0 Ice Cream Sandwich
အပေါ်မှာပြောခဲ့တဲ့ထဲက 2.3.x တို့ 3.x.x တို့မှာဆိုရင် x ဆိုတဲ့နေရာမှာ 3,4,5,6,7 စသည်ဖြင့် version အမျိုးမျိုးရှိပါသေးတယ်။
ဥပမာအားဖြင့် 2.3.3 တို့ 2.3.5 တို့လိုမျိုးပေါ့ဗျာ။
Android OS ဟာဘာကြောင့်အရမ်းအောင်မြင်လာခဲ့တာလဲ ?
===================================
Android OS အောင်မြင်လာတဲ့အချက်တွေထဲမှာ ဖုန်းကုမ္ပဏီတွေအများအပြားအသုံးပြုလာတယ်ဆိုတဲ့တစ်ချက်ထဲတင်မဟုတ်သေးပါဘူး။
အသုံးပြုသူများအသိအမှတ်ပြုထားတဲ့ ထင်ရှားတဲ့အချက်အနေနဲ့ဆိုရင် ဈေးကြီးတဲ့ iPhone ပေါ်မှာသာသုံးနိုင်တဲ့ application တွေ ၊
game တွေဟာ Android OS အတွက်လည်း ရှိနေပါပြီ။ ဒါကြောင့် Android OS ကိုထည့်သွင်းထားတဲ့ တန်ဖိုးနည်းတဲ့ ဖုန်းတွေမှာတောင်မှ
iPhone ထဲက နာမည်ကြီး application တွေ game တွေကိုဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဖုန်းတွေရဲ့ Hardware ကွာခြားချက်တော့ရှိတာပေါ့ဗျာ။
နောက်ပြီး အင်တာနက်သုံးစွဲရမှာလည်း Android OS က ပိုမိုမြန်ဆန်စွာ ကြည့်ရှုနိုင်စေပါတယ်။ ဖုန်းတွင်းစနစ်အသုံးပြုရလွယ်ကူပါတယ်။
အသစ်ထွက် Android Version များကို အလွယ်တကူမြှင့်နိုင်ပါတယ်(ယေဘုယျအားဖြင့်) ။ ဒီအချက်တွေကပဲ Android OS ကိုအဓိကအောင်မြင်စေ
ခဲ့ခြင်းဖြစ်ကြောင်းကို Mobile ဖုန်းဆိုင်ရာ ပညာရှင်များ ၊ developer များ ၊ဝေဖန်သူများက တစ်ညီတစ်ညွှတ်တည်းထောက်ခံထားကြပါတယ်။ ရှေ့ဆက်ပြီးရော Android OS ဟာဆက်လက်အောင်မြင်ဦးမှာလား ??
=========================================
အဲလိုမေးလာရင်တော့ အောင်မြင်ဦးမှာပါလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ Android OS ဟာ ပူးပေါင်းဆောင်ရွက်မှုပေါ်မှာအခြေခံထားတဲ့ Operating System ဖြစ်ပါတယ်။
Java ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ Java Programmer တစ်ယောက်ဖြစ်တယ်ဆိုရင် Android application တွေရေးဖို့အတွက် ဘာမှကိုမခက်ခဲတော့ပါဘူး။
ထူးထူးခြားခြား application တွေရော ၊ သုံးလို့ကောင်းတဲ့ application တော်တော်များများ Android OS အတွက်ရှိနေပါပြီ။ ယေဘုယျအားဖြင့် Android OS အတွက် ရေးသားထားတဲ့ Application ဒါမှမဟုတ်
ဂိမ်းတစ်ခုဟာ Android စနစ်ကို အသုံးပြုထားတဲ့ ပစ္စည်းတွေအားလုံးမှာအသုံးပြုလို့ရပါတယ်။ ဒါကြောင့် တန်ဖိုးနည်း မိုဘိုင်းပစ္စည်းတွေမှာတောင်ထည့်သွင်းထားတဲ့ Android OS ဟာ
ဆက်လက် ပိုမိုအောင်မြင်ဦးမှာကို ပြောစရာကိုမလိုတော့ပါဘူး။
ဒီလောက်ဆိုရင် Myanmar Mobile Application မှ Mobile User များလည်း Android OS ရဲ့အကြောင်းကို သိရှိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်လက်လှမ်းမှီသလောက် ကိုနားလည်လွယ်အောင်ရှင်းပြထားပါတယ်။
ကျန်ခဲ့တဲ့အချက် ၊ အမှားအယွင်းအနည်းငယ်ရှိရင်လဲခွင့်လွှတ်ပေးကြပါ ။အားလုံးကိုကျေးဇူးတင်ပါတယ်။
iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်
ယခုအခါမှာတော့ Smartphone တွေရဲ့ပြိုင်ပွဲ ပိုမိုပြင်းထန်လာခဲ့ပါပြီ။ ဒါပေမယ့် တကယ်တိုင်း ပြိုင်ဆိုင်နေကြတဲ့ အဓိက အင်အားကြီးပြိုင်ဖက်အနေနဲ့ကတော့ (၂) ဦးတည်းသာရှိပါတယ်။ Google ရဲ့ Android နဲ့ Apple ရဲ့ iOS for iPhone တို့ပါပဲ။ (၂) မျိုးစလုံးကောင်းပါတယ်။ သို့သော် တစ်ချို့အချက်တွေမှာ Android ဟာ iPhone ထက် အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ ဒီပို့စ်မှာ iPhone ထက်သာလွန်တဲ့ Android ရဲ့ အချက် (၁၀) ချက်ကို ကျနော်ရွေးထုတ်ရေးပြချင်ပါတယ်။
Comparison of the Three OS (Android, iOS and Windows)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
ဒီပို့စ်မှာတော့ ယခုအချိန်မှာ အဓိကအသုံးပြုနေကြတဲ့ Mobile OS တွေဖြစ်တဲ့ iOS 5, Android 4.0 Ice Cream Sandwich နဲ့ Windows Phone 7.5 Mango တို့ကို နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ နှိုင်းယှဉ်တဲ့နေရာမှာ User များရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုအသုံးဝင်တယ် ဆိုတာမျိုးနဲ့ နှိုင်းယှဉ်မှာမဟုတ်ဘဲ Features သက်သက်တွေကိုသာ နှိုင်းယှဉ်တင်ပြသွားမှာဖြစ်ပါတယ်။
Read more »
BlackBerry ရဲ့ သမိုင်းကြောင်း (အပိုင်း - ၁)
BlackBerry လို့ဆိုလိုက်တာနဲ့ တော်တော်များများရဲ့ အမြင်မှာ Business Traveler တွေ၊ Corporate ရဲ့Management Level တွေအတွက်ဘဲ လို့ မြင်လေ့ ရှိပါတယ်။
တစ်ချို့ကြတော့လည်း BlackBerry ကိုခေတ်နောက်ကျနေတဲ့ ဖုန်း၊ အဘိုးကြီးတွေကိုင်တဲ့ ဖုန်းလို့ဘဲ မြင်ကြပြန်ပါတယ်။
ဘယ်လိုအမြင်မျိုးတွေပဲ ရှိကြပါစေ၊ BlackBerry ရဲ့ အားသာချက်တွေကို သိနားလည်းပြီး တကယ် အကျိုးရှိရှိ အသုံးချနေသူတွေ အတွက်တော့ BlackBerry ကို နှစ်နှစ်ခြိုက်ခြိုက် စွဲလမ်းနှစ်သက်နေကြတုန်းပါပဲ။
BlackBerry ရဲ့ Physical QWERTY Keyboard ရယ်၊ Track Pad ဒါမှမဟုတ် Track Ball ရယ်၊ Push Mail ရယ်၊ BBM လို့ခေါ်တဲ့ BlackBerry Messenger ရယ်၊ မှိတ်တုတ်မှိတ်တုတ် နဲ့လင်းလင်းလာတဲ့ အချက်ပေးမီးလေးရယ်၊ Battery အသုံးခံတာ စတဲ့ အချက်တွေက BlackBerry ရယ် အဓိက အားသာချက် တွေဖြစ်ပြီး၊
တစ်ခြား Smartphone (Android, Apple iOS) စတာ တွေနဲ့ နှိုင်းယှဉ်ရင် Application နည်းနေတာကတော့ BlackBerry ရဲ့ အဓိက အားနည်းချက်ပါဘဲ။
Application နည်းနေပစေ BlackBerry မှ BlackBerry တစ်မျိုးပဲသုံးမယ်ဆိုတဲ့ လူများလည်းရှိသလို၊
BlackBerry ကိုလည်းကြိုက် တစ်ခြား Smartphone (Android, Apple iOS) စတာတွေကိုလည်း သုံးချင်လို့ တစ်ချိန်ထဲ မှာ BlackBerry ရော အခြား Smartphone တစ်မျိုးမျိုးကို လည်းတွဲကိုင်တတ်ကြလေ့ရှိပါတယ်။
အဲသလို အားသာချက် တွေရော၊ အားနည်းချက် တွေရော ယှဉ်တွဲနေတဲ့ BlackBerry ကို Canada နိုင်ငံမှ RIM လို့ အတိုကောက် လူသိများတဲ့ Research In Motion ကုမ္ပဏီကြီးကနေ 1999 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
RIM ရဲ့ ပထမဆုံး BlackBerry 850 ဟာ 2 Way Pager အဆင့်သာရှိပြီး 1999 ခုနစ်တုန်းက စတင်မိတ်ဆက်ခဲ့တာပါ၊ 2003 ခုနှစ်မှာမှ Mobile Telephone, Email, Text Message, Web Browsing စတာတွေ ပါဝင်လာတဲ့ Smartphone အဖြစ်နဲ့ စတင် ဖြန့်ချီခဲ့ပါတယ်။
Android OS ရဲ့ သမိုင်းကြောင်း (အပိုင်း - ၂)
ဒီတစ်ခေါက် အပိုင်း – ၂ မှာတော့ Android OS များရဲ့ Version များအကြောင်းကို တင်ဆက်သွားပါမယ်။
Android ရဲ့ Beta Version ကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ Open Handset Alliance စတင်ဖွဲ့စည်းချိန်မှာ စတင်မိတ်ဆက် ပေးခဲ့ပြီး၊ သူ့ရဲ့ပထမဆုံး commercial version ဖြစ်တဲ့ Android 1.0 ကိုတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချီပေးခဲ့တာပါ။
Android 1.0 စတင်ဖြန့်ချီတဲ့ အချိန်ကစပြီး ၂၀၀၉ ခုနှစ် April လအထိ Android ကနေပြီး update တော်တော်များများ ဖြန့်ချီ ပေးခဲ့ပါသေးတယ်။
၂၀၀၉ ခုနှစ် April ကနေမှ စပြီး Android ဟာသူ့ရဲ့ Development တွေကို codename အဖြစ် အချိုပွဲ (Dessert/Sweet) နံမည်တွေကို အင်္ဂလိပ် အက္ခရာစဉ်အတိုင်း စတင်အသုံးပြုလာတာ အခုချိန်ထိ ပါပဲ။
လက်ရှိထွက်ရှိပြီးသား Android ရဲ့ အချိုပွဲတွေကတော့ Cupcake, Donut, Eclair, Froyo (FROzen YOugurt), Gingerbread, Honeycomb နဲ့ Ice Cream Sandwich တို့ပဲ ဖြစ်ပါတယ်။
ပထမပိုင်းမှာ Android ဟာ Astro, Bender စတာတွေကို သုံးဖို့ ရည်ရွယ်ခဲ့ပေမဲ့ Trademark ပြဿနာတွေကြောင့် အသုံးမပြုဖြစ်ခဲ့ပါဘူး။
အခုနောက်ဆုံး ထွက်ရှိထားတဲ့ Version ကတော့ Ice Cream Sandwich v4.0.4 ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။
Samsung Galaxy Mobile ဖွဲ့ စည်းပုံလေး
Samsung Galaxy Mobile ဖွဲ့ စည်းတည်ဆောက်ပုံ
အတွင်းပိုင်းဖွဲ့ စည်းတည်ဆောက်ပုံ Block Diagram ပါ.....အဓိကကတော့ Application Processor ပါ.....
Audio Codec ရှိပါတယ်.......အပြင်နဲ့ တိုက်ရိုက်ထိစပ်တဲ့ အပိုင်းတွေကိုအဖြူရောင်တွေနဲ့ ပြထားပြီးတော့
IC ပေါ်မှာတွဲစပ်တည်ဆောက်ထားတဲ့အပြာရောင် IC Block တွေကိုတော့ Phone ရဲ့ circuit ပိုင်းမှာ IC သေးသေးတွေတွေအဖြစ်မြင်တွေ့ ရမှာဖြစ်ပါတယ်.........
Pre-Paid Phone Card စနစ်အကြောင်း
Pre-paid Phone Card ဆိုတာဘာလဲ?
အရိုးရှင်းဆုံးပြောရရင်တော့ Pre-Paid Card ဆိုတာ ရောင်းတဲ့တစ်နေရာရာ(စတိုးဆိုင်၊ဖုန်းဆိုင်၊super market ,……)ကနေ၀ယ်ယူထားပြီးCall minutesသတ်မှတ်ထားတဲ့ဂဏာန်းတွေပါဝင်တဲ့ကတ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ဒီကတ်ထဲမှာတော့ပိုက်ဆံတန်ဖိုးတွေပါဝင်ပါတယ်(စကားပြောလို့ ရတဲ့ အချိန်တွေကို Bill ကြိုရှင်းထားတဲသဘောပေါ့)တကယ်တော့ ဒီ Pre-paid Phone Card ဆိုတာက ကတ်ထုတ်လုပ်သူဆီကနေ telephone service (call,receive,message,….) တွေကို advance (ကြိုတင်ပေးငွေ) အနေနဲ့   account ဖွင့်ပြီး ပေးထားတဲ့နည်းစနစ်တစ်မျိုးဖြစ်ပါတယ်။(ဥပမာ- MPT ကထုတ်တဲ့ MPT Phone Pre-paid Cards, Redlink ကထုတ်တဲ့ Wi-Fi net-now Wireless Pre-paid Card, Yatanarpon ကထုတ်တဲ့ Dial-up Access Kit  )
ရေစိုဖုန်း handset တွေကိုဘယ်လို ပြင်မလဲ
ဟဲ...ဟဲ....ဒါလေးကတော့လူတော်တော်များများစိတ်ဝင်စားကြမှာပါ.....
သင်္ကြန်ပြီးပြီးချင်းဖုန်းဆိုင်ကြော်ငြာတွေမှာရေစိုဖုန်းတွေကိုပြင်တယ်..
ဆိုတဲ့ကြော်ငြာတွေတော့စိတ်ဝင်စားမိတယ်ဗျာ၊ နောက်ခုလိုမိုးတွင်း
တွေဆိုဖုန်းတွေရေငွေ့ ရိုက်တာတို့ ၊ရေစိုတာတို့ ဖြစ်တတ်တယ်လေ
ဘယ်လိုများပြင်လဲပေါ့....အဓိကကတော့နည်းပညာပါပဲဗျာ.......
ကျွန်တော်လည်းဒီနည်းပညာသိရဖို့ တော်တော့်ကိုရှာဖွေလေ့လာပြီး
သုတေသနပြုခဲ့ရပါတယ်...ဒါလေးကိုဖတ်ပြီး တစ်စုံတစ်ရာအကျိုးရှိမယ်
ဆိုရင်ကျေနပ်ဝမ်းမြောက်လှပါပြီ.......
Open Source ရဲ့  နောက်ဆုံးproduct phone os( Android ) အလားအလာ
OpenSourceလို့ ဆိုတာနဲ့ linuxကြီးကိုတန်းမြင်မှာပါ...ဟိုးအရင်ကပေါ်ပေါက်လာခဲ့တဲ့Unixကိုကွန်ပျူတာကျောင်းသား linux က ဖန်တီးပေးလာခဲ့လို့  linux kernel တွေလည်းပေါ်ထွက်လာပြီး source code တွေကိုပါ online တင်ပေးလို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Programmerတွေဝိုင်းဝန်းပြင်ဆင်ဖြည့်စွက်လို့ လည်းဒီနေ့ အထိ linux ဟာတည်ရှိနေပြီး အကောင်းဆုံး OSတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်နေခဲ့ပါတယ်...
Mobile Phones တွေဘယ်လိုအလုပ်လုပ်သလဲ
ပြထားတာပါ
Android File Manager အသုံးပြုနည်း
AndroidOSဖုန်းတွေအတွက်FileManagerစနစ်ကိုဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။Android File Manager ဆိုတာ Android OS ဖုန်းတွေမှာပါဝင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ Memory Card ထဲကို ရှာဖွေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေကို ရှာဖွေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီစနစ်ထဲမှာ ၀င်ရောက်ရှာဖွေရပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ဖိုင်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့စနစ်ဆိုရင်လည်း မမှားပါဘူး။ File Manager စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ Shortcut စနစ်တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်သလို ဖုန်းထဲမှာရှိနေတဲ့ Menu ထဲမှာလည်း ၀င်ရောက်ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ File Manager စနစ်ကို နှိပ်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ Setting တစ်ခုမြင် တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ ဖုန်းထဲမှာရှိနေတဲ့မှတ်ဉာဏ်ကို ဘယ်လောက်အသုံးပြုထားတယ် မှတ်ဉာဏ်နေရာလွတ် ဘယ်လောက်ကျန်တယ် ဆိုတာတွေကိုလည်း ဖော်ပြပေးထားတာကို တွေ့ရမှာပါ။ 
Read more »
Android Gmail အသုံးပြုနည်းနဲ့ Pattern Lock
ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Gmail စနစ် အသုံးပြုနည်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Android OS ဖုန်းတွေမှာ အသုံးပြုတဲ့ Gmail စနစ်ဟာ Android OS ရဲ့ Security စနစ်တွေနဲ့ တွဲဆက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီစနစ်ကို အသုံးပြုချင်တယ်ဆိုရင် ဖုန်းထဲကို Gmail စနစ်ကို ထည့်သွင်းမှပဲ ရနိုင်ပါလိမ့်မယ်။
 Read more »
No comments:
Post a Comment